သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်ခြင်း ကျွန်တော်တို့ဟာ ဖရိရှ်သဟ်များမဟုတ်သောကြောင့်အမြဲတစေ အမှားကင်းနေကြမည်မဟုတ်သလိုရှိုင်သွာန်များမဟုတ်၍ အမြဲတမ်းဒုစရိုက်များကျူးလွန်မနေသင့်ပါ။ အမှားတခုခုကျူးလွန်မိပါက အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ ချတ်ချင်းသောင်ဗဟ်အမှားဝနချတောင်းပန်လိုက်ရန်ကြိုးစားရပါမည်။ အကြောင်းတခုခုကြောင့်မိမိသောင်ဝ်ဗဟ်ပျက်ပြယ်သွားပါကလည်း မျှော်လင့်ချတ် မကင်းဘဲထပ်မံ တောင်းပန်မှုပြုပါ၊ မုချ အလ္လာဟ်အရှင် လက်ခံကဗူလ်ပြုတော်မူပါလိမ့်မည်။ မုစ်နဒ်အဟ်မဒ်ကျမ်းမှာ ကိုယ်တော်သခင်ဆွလ္လလ္လားဟုအလိုင်ဟိဝစလ္လမ်ရဲ့ မိန့်ချွေချတ်ကိုခုလိုဆင့်ပြန်ထားပါတယ်၊ ရှိုင်သွာန်က အို..အရှင် အရှင့်ဂုဏ်သိက္ခာရဲ့ကစမ်ကျွန်တော်မျိုးဟာ အရှင့်ဗန္ဒာတို့ရဲ့အသက်နဲ့ခန္ဓာတွဲလျှက်ရှိနေသမျှကာလပတ်လုံး ၎င်းတို့လမ်းလွဲစေဖို့နည်းပေါင်းစုံနဲ့ ဖျက်ဆီး မှုများကိုပြုလုပ်နေပါမယ်တဲ့ ထိုအခါ အလ္လာဟ်အရှင်မြတ်ကလည်း…ငါအရှင့်ဂုဏ်သိက္ခာနဲ့