ဟာဖိဇ်တစ်ပါးဖြစ်လာဖို့ဆိုတာ……မလွင်ပါ သူတို့လည်းလူဘဲလေ… မနက်ဆို အိပ်ယာကမထ လှိမ့်နေချင်ရှာမှာပေါ့… သူများကလေးတွေ နေဖင်ထိုးတဲ့အထိ ဇိမ်နဲ့အိပ်နေချိန် မနက်ဖဂျရ်ထဖတ်ပြီး ကုရ်အာန်ကိုပြန်ထိုင်နွှေးနေရပြီ.. သူတို့လည်းလူဘဲလေ… ထမင်းစားချိန်မှာ အဖေ အမေ မောင်နှမစုံညီစွာနဲ့ နွေးထွေးတဲ့မိသားစုထမင်းဝိုင်းလေးနဲ့ စားချင်ရှာမှာပေါ့…စည်းကမ်းရှိတဲ့ဆရာတွေအရိပ်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထမင်းစေ့တစ်စေ့မကျ ဟင်းတစ်စက်မကျဘဲ သူငယ်ချင်းတွေကို အဖော်ပြုစားနေခဲ့ရတယ်… သူတို့လည်းလူဘဲလေ… သူများတွေလို အပြင်ထွက်လည်ချင် ကစားချင်ရှာပေါ့… နှစ်လ သုံးလနေမှ