ဇမ်ဇမ်ရေတွင်း အဖျက်ခံရခြင်းနှင့်ပြန်လည်တူးဖော်ခြင်း သမိုင်းကြောင်း(၂) တစ်နေ့သောအခါအဗ်ဒွလ်မွတ်လစ်ဗ်သခင်သည်ကအ်ဗဟ်ကျောင်းအနီးဟဂျ်ရ်အမည်ရှိနေရာ၌အိပ်စက်တော်မူခဲ့လေသည်။အိပ်ပျော်နေစဥ်အိမ်မက်မြင်မက်ခဲ့သည်မှာအေ.အဗ်ဒွလ်မွတ်တွလစ်ဗ်သင်၏ဘေးလောင်းတော်အစ္စမာအီလ်နဗီ၏မုအ်ဂျေဇဟ်တန်ခိုးတော်ကြောင့်ဖြစ်ပေါ်ခဲ့သောဇမ်ဇမ်ရေတွင်းကိုသင်တူးဖော်လော့ဟုအသံများကြားခဲ့ရပေသည်။ အိမ်မက်တွင်ကြားခဲ့ရသောအမိန့်တော်ကိုနာခံပြီးဇမ်ဇမ်ရေတွင်းဟုယူဆရသောနေရာများကိုစမ်းတဝါးသာကြီးဟာရစ်နှင့်အတူရှာဖွေခဲ့လေသည်ထိုအချိန်ကသားကြီးဟာရစ်မှအပအခြားသားသမီးမထွန်းကားသေးပေရေတွင်း၏အရိပ်ကိုမျှမတွေ့ရှိခဲ့ရပေအရဗ်အမျိုးသားများကအဘယ်အရာကိုရှာဖွေနေသနည်းဟုမေးမြန်းခဲ့လေသည်။ မင်းဆိုးမင်းညစ်ဖျက်ဆီးခဲ့သောဇမ်ဇမ်ရေတွင်းအားရှာဖွေနေပါသည်ဟုအဖြေပေးခဲ့လေသည်။ထိုရေတွင်းအားတွေ့ရှိပါကအရဗ်တွင်သာမကတစ်ကမ္ဘာလုံးရှိလူများသောက်သုံးနိုင်မည်ဟုပြောပြတော်မူသည်သို့သော်မည်သူမျှအကူအညီမပေးဘဲထွက်ခွာသွားကြလေသည်။ အဗ်ဒွလ်မွတ်တွလစ်ဗ်ကငါမက်သောအိမ်မက်သည်အမှန်ဖြစ်သောအလ္လာဟ်အသျှင်မြတ်ကငါ့အားပြသမည်ဟုမက်ထား၍ကအ်ဗာဟ်အနီးဟဂျ်ရ်နေရာတွင်တဖန်ပြန်အိပ်လေသည်အိပ်ပျော်စဥ်ယခင်ကဲ့သို့အမိန့်ပေးသံကြားရလေသည်ထိုအခါအိမ်မက်တွင်း၌ပင်ကျွန်တော်မျိုးဘယ်နေရာကိုတူးရမည်နည်းဟုမေးမြန်းခဲ့လေသည်အသင်သည်အရဗ်အမျိုးသားများကိုးကွယ်သောအစ်ဒ်စွဖ်နှင့်နာအေလာအမည်ရှိဘွတ်ရုပ်တုနှစ်ခုကြားမြေကွက်လပ်ကိုတူးဖော်လော့ဟုအသံကြားရလေသည်။ ယင်းရုပ်တုနှစ်ခုကြားတွင်အရဗ်အမျိုးသားများသည်ကုရ်ဘာနီသားကောင်များကိုလှီးဖြတ်လေ့ရှိ၏မနက်လင်းချင်းမိမိ၏တစ်ဦးတည်းသောသားဟာရစ်ကိုခေါ်၍အိမ်မက်ခဲ့သောနေရာကိုသွားခဲ့လေသည်ကျီးကန်းတစ်ကောင်ကဇမ်ဇမ်ရေတွင်းရှိသောနေရာကိုနုတ်သီးဖြင့်တူးဆွပြလေသည်။ ထိုအခါပေါက်တူးပေါက်ပြားတို့ဖြင့်ချက်ချင်းတူးဖော်ခဲ့လေသည်အရဗ်အမျိုးသားများစုရုံး၍ဤနေရာကိုမတူးရန်တားမြစ်ကြလေသည်။ သို့သော်အဗ်ဒွလ်မွတ်တွလစ်ဗ်သည်မည်သူ၏စကားကိုမျှမနားထောင်ဘဲဇွတ်အတင်းတူးဖော်ခဲ့လေသည်မြေအောက်သို့အတန်ငယ်တူးမိသောအခါအမရ်ဘင်န်ဟာရစ်ဘုရင်မြှုပ်ခဲ့သောရွှေငွေလက်နက်ပစ္စည်းများနှင့်ရွှေသမင်ရုပ်ကြီးပေါ်ထွက်လာခဲ့ပေသည်သခင်သည်အလ္လာဟ်အသျှင်မြတ်အားချီးမွမ်း၍ဆက်တူးရာဇမ်ဇမ်ရေတွင်းဘောင်များပေါ်ထွက်လာပေသည်ဆက်လက်၍တူးပြန်ရာရေများပန်းထွက်လာခဲ့ပေသည်ရစူလ်ကိုယ်တော်မြတ်ကြီးပွင့်ရန်နီးကပ်လာသောအခါအလ္လာဟ်အသျှင်မြတ်ကဇမ်ဇမ်ရေတွင်းကိုရစူလ်၏အဘိုးလက်ဖြင့်တူးဖော်စေခဲ့လေသည်။ ရေများပန်းထွက်လာတာအဗ်ဒွလ်မွတ်တွလစ်ဗ်သခင်မြင်သောဝမ်းသာအားရလျှောက်ထားခဲ့သည်မှာအလ္လာဟ်အသျှင်မြတ်ကျွန်တော်မျိုးအားသားဆယ်ပါးပေးသနားတော်မူပါကျွန်တော်မျိုးတွင်သားတော်ဆယ်ပါးရရှိခဲ့ပါကတမန်တော်အစ်ဗ်ရာဟီးမ်နဗီကဲ့သို့အချစ်ဆုံးသားတော်တစ်ပါးကိုကုရ်ဘာနီပြုပါမည်ဟုနိယတ်ကတိပြုလိုက်လေသည်။အစ္စလာမ်ကျမ်းစာမျက်နှာ၊၂၁၊၂၂။စီရတွန်နဗီကာမင်လ်ပထမတွဲစာမျက်နှာ၊၁၇၀၊၁၇၁။ Credit, TweetSharePinShare0 Shares