အေမာမ်ဘိုခါရီ(ရဟေ့) သခင်ထံမှဆင့်ပြန်ချက်တရပ်လာရှိသည်မှာ- အကြင်မည်သူမဆိုအောက်ဖေါ်ပြပါအစီစဉ်အတိုင်း စူရာဟ်ဖာသေဟာကိုစွဲမြဲစွာဖတ်ရွတ်ခဲ့ပါမူ ၎င်းသူသည်လောကီ၏လိုအပ်ချက်များမှ မည်သည့်အခါမျှတောင့်တခြင်းရှိလိမ့်မည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည်၎င်း သူအတွက်အကွယ်မှ တံခါးများကိုဖွင့်လှစ်ပေးသနားတော်မူမည်ဖြစ်၏။ ထို့နောက်တစုံတခုသောအခက်ခဲအကျပ်အတည်းနှင့် တွေ့ကြုံရင်ဆိုင်ခဲ့ရပါမူ မိမိတကိုယ်တည်း သီးခြားနေရာတခုတွင် ခန္ဓာကိုယ်အဝတ်အစားသန့်ရှင်းမှုနှင့့််တကွဝိုဇူပြုပြီး နဖိလ်(၂)ရကအသ်ဖတ်ရွတ်ပြီး စလာမ်လှည့်ပြီးသည့်နောက် -အိစ်သိစ်ဂ်ဖာရ်အကြိမ်(၇၀) -ဒရူးဒ်ရှရီးဖ်အကြိမ် (၇၀) -စူရာဟ်ဖာသေဟာ အကြိမ်(၇၀)ဖတ်ပြီး အလ္လာဟ်ရှင်မြတ်ထံတော်ပါးတွင် မိမိလိုအင်ဆန္ဒကို ရို့ကျိုးစွာဖြင့်တောင်းဆုပြုပါလေ။ သို့ဆိုပါလျှင်ထိုအအ်မာလ်၏ ဘရ်ကသ်တော်မြတ်ဖြင့် အလ္လာဟ်အရှင်မြတ်သည်၎င်းသူ၏လိုအင်ဆန္ဒကို ထိုနေ့၌ပင်အလိုပြည့်ဝစေတော်မူမည်ဖြစ်၏။