ညနေအလုပ်ကအပြန်အိမ်ကိုရောက်တာနဲ့ အမေနဲ့ဇနီးသည်ပြောနေတဲ့စကားတွေကိုကြားနေရတယ်…” သမီးရယ် အမေရောဂါနဲ့ ဒီးဟင်းတွေနဲ့ စားလို့မှမရတာ တခြားဟင်းမရှိတော့ဘူးလား”“ဒီမှာ တော်သားရတဲ့လစာနဲ့ ဒီဟင်းနဲ့ပဲစားရတာကံကောင်းတယ်မှတ်” မိန်းမဖြစ်သူရဲ့စကားကိုကြားလိုက်ရတဲ့ကျွန်တော် ဒေါသတွေဖြစ်မိတယ် ပြီးတော့မိန်းမဖြစ်သူကိုပြောလိုက်တယ်……“မင်းကလဲကွာ အမေမှာဒီဟင်းတွေနဲ့မတည့်ပါဘူး မစားနဲ့လို့ ဒေါက်တာကမှာထားတယ်လေ ဒီလောက်တော့မင်းနားလည်ရမှာပေါ့”“ဒီလောက်စားချင်နေရင် ရှင့်အမေကိုရှင်ကိုယ်တိုင်ချက်ကျွေးလိုက်……” မိန်းမဖြစ်သူကမကျေမနပ်နဲ့အခန်းထဲဝင်ပြီးတံခါးကိုဆောင့်ပိတ်လိုက်တယ် ဝုန်း… ကျွန်တော်အမေဘက်ကိုလှည့်ပြီးအမေကိုကြည့်လိုက်တော့အမေရဲ့မျက်ဝန်းအိမ်မှာမျက်ရည်စတွေတွဲခိုနေတာတွေ့လိုက်ရတယ်…… “အမေ မငိုပါနဲ့နော် အမေဒီးဟင်းတွေလဲမစားနဲ့ အမေတွက် သားခေါက်ဆွဲ တစ်ပွဲလုပ်ပေးမယ်နော်”“မလုပ်ပါနဲ့သားရယ် အမေစားနိုင်ပါတယ် သားလဲအလုပ်ကပြန်လာတာ